Local News

ကချင်ပြည်နယ်၏ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်မှ ၂၅ ရက် အတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုအခြေအနေ

Last Updated:

ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့် ကန်ပိုက်တည်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုများရှိခဲ့ရာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ 19 ရက်မှ 25 ရက်နေ့များအတွင်း တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများမှာ တစ်သျှူးငှက်ပျော၊ ဆန်၊ ရာဘာ၊ နှမ်း၊ ကြံ၊ ‌ဖရဲသီး၊ ပြောင်း၊ ပိုးလုံးအိမ်၊ နှင့် ဆန်ကွဲများ တင်ပို့ခဲ့ကြောင်းသိရှိရပါသည်။

လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်၏ငွေပမာဏသည် 2189649 ဒဿမ 2၇  ကန်ဒေါ်လာ ဖြစ်ပြီး၊ ကန်ပိုက်တည်နယ်စပ်ကုန်သွယ်‌ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန် ၏‌ ငွေပမာဏမှာ 1317500 ဒေါ်လာဖြစ်၍ တင်ပို့ကုန်၏ငွေပမာဏ စုစုပေါင်းတန်ဖိုးမှာ ၃၅၀၇၁၄၉ ဒဿမ ၂၇ ကန်ဒေါ်လာ တင်ပို့မှုရှိခဲ့ပါသည်။

သွင်းကုန်ပစ္စည်းများမှာ  စက်နှင့်စက်ပစ္စည်းများ၊ လယ်ထွန်စက်များ၊  ကုန်ထုတ်စက္ကူများ၊ ပလပ် စတစ်ကုန်ကြမ်းပစ္စည်းများ၊ ချည်ထည်များ၊ မော်တော်ဆိုင်ကယ်အပိုပစ္စည်းများ၊ သားရေ/ သား‌ရေတုဖြင့် ပြုလုပ်ထာသောပစ္စည်းများ၊ ဓါတ်မြေဩဇာများ၊ သံနှင့်သံမဏိပစ္စည်းများ၊ သံပိုက်၊  မြက်ခင်းတုနှင့် အခြားပစ္စည်းများ တင်သွင်းမှုရှိခဲ့ပါသည်။ ကန်ပိုက်တည်နယ်စပ်ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံသို့ အမှန်တင်သွင်းကုန်၏ ငွေပမာဏမှာ ကန်ဒေါ်လာ 266010 တင်သွင်းမှုရှိခဲ့ပြီး၊ လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံသို့ အမှန်တင်သွင်းကုန်၏ငွေပမာဏမှာ ကန်ဒေါ်လာ 385932 ဒဿမ 6 ဖြစ်၍တင်သွင်းကုန်၏ စုစုပေါင်းငွေပမာဏတန်ဖိုးမှာ ကန်ဒေါ်လာ 651942 ဒဿမ 6 တင်သွင်းမှု ရှိခဲ့ပါသည်။

မြန်မာကျပ်ငွေနှင့် တရုတ်ယွမ်ငွေလဲနှုန်းမှာ မြန်မာငွေကျပ် ၁၀၀ လျှင် တရုတ်ယွမ် သုည ဒဿမ ၃၃8 ယွမ်ဖြစ်ပြီး၊ ၁ ယွမ်လျှင် မြန်မာကျပ်ငွေ ၂၉5 ဒဿမ 85 ကျပ်ရှိကြောင်းသိရှိရပါသည်။

 

မနောမြေကုန်သွယ်မှုဗဟိုဌာန

Category: Local News